ဆန်စပါးဆိုင်ရာလုပ်ငန်းများ

ကျွန်ုပ်တို့၏ ရည်မှန်းချက်သည် စီးပွားရေးမိတ်ဖက်များနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေကို မြှင့်တင်ရန်ဖြစ်သည့်အလျောက် ကျွန်ုပ်တို့၏ Shwe Wah Yaung Agriculture Production Co., Ltd သည် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ကွင်းဆက်လုပ်ငန်းစဉ်တစ်ခုလုံးကို ပံ့ပိုးကူညီရန် အထူး အာရုံစိုက်လုပ်ဆောင်လျက်ရှိပါသည်။

ကုန်ကြမ်းစုဆောင်းခြင်း

ကျွန်ုပ်တို့၏ ယုံကြည်စိတ်ချရသော ကုန်သွယ်မှုလုပ်ဖော်ကိုင်ဖက်များဖြစ်သော ဆန်စက်များ၊ ပေးသွင်းသူများ၊ ကန်ထရိုက်လယ်ယာ လုပ်ငန်းဖြင့် ဆောင်ရွက်နေကြသော တောင်သူလယ်သမားများ ထံမှ ကုန်ကြမ်းများကို ဂရုတစိုက်ရွေးချယ်စုဆောင်းကြပါသည်။
ကုန်ကြမ်းစုဆောင်းခြင်း
ကုန်ကြမ်းစုဆောင်းခြင်း

ကန်ထရိုက်စနစ်ဖြင့် လယ်ယာစိုက်ပျိုးခြင်း

အရှိန်အဟုန်ဖြင့် ကြီးထွားလာသော စိုက်ပျိုးနည်းပညာများ၊ ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုများနှင့် လယ်ယာစီးပွားရေးလုပ်ငန်းများ ချဲ့ထွင်လာမှုကြောင့် ဤဆယ်စုနှစ်များအတွင်း ဒေသခံလယ်သမားများသည် လယ်ယာဈေးကွက်တွင် အပြည့်အဝပါဝင်ရန် ရုန်းကန်စပြုလာကြသည်။ ကျွန်ုပ်တို့အနေဖြင့် ဒေသခံတောင်သူလယ်သမားများအား ဓာတ်မြေဩဇာ နှင့် အရည်အသွေးမြင့် မျိုးစေ့များကို ထောက်ပံ့ခြင်း၊ ရိတ်သိမ်းချိန်မတိုင်မီ ဝန်ဆောင်မှုများပေးခြင်း၊ ရိတ်သိမ်ပြီးနောက်အဆင့်များအတွက် ဝန်ဆောင်မှုများပေးခြင်း စသည်တို့ကို ကူညီထောက်ပံ့ပေးလျှက်ရှိပါသည်။
ကန်ထရိုက်စနစ်ဖြင့် လယ်ယာစိုက်ပျိုးခြင်း
ကန်ထရိုက်စနစ်ဖြင့် လယ်ယာစိုက်ပျိုးခြင်း

ဆန်စပါးကြိတ်ခွဲခြင်း

စပါးအခြောက်ခံခြင်း၊ စပါးခွံချွတ်ခြင်း၊ ဆန်သန့်စင်ခြင်း၊ အရောင်တင်ခြင်း၊ ကုန်ကြမ်းများနှင့် ကုန်ချောများအား သိုလှောင်ခြင်း စသည့်လုပ်ငန်းစဉ်များကို ခေတ်မီဆန်းသစ်သော စက်ကိရိယာများအသုံးပြု၍ ဆောင်ရွက်လျှက်ရှိပါသည်။
သိုလှောင်ခြင်း
စပါးချွေလှေ့ခြင်း
ဆန်အချောသတ်ခြင်း

ဆန်ဖြန့်ဖြူးခြင်းနှင့် တင်ပို့ခြင်း

ကျွန်ုပ်တို့သည် နာမည်ကျော်ကြားသော ဒေသခံတောင်သူများနှင့် လက်တွဲကာ အရည်အသွေးမြင့် လတ်ဆတ်သော ကုန်ပစ္စများကို ပြည်တွင်းတွင်သာမက တရုတ်၊ အမေရိကန် နှင့် ဗြိတိန်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်သို့ ဖြန့်ဖြူးတင်ပို့လျှက်ရှိပါသည်။
ပြည်တွင်းစျေးကွက်သို့ဖြန့်ဖြူးခြင်း
နိုင်ငံတကာသို့တင်ပို့ခြင်း

ရန်ကုန်ရုံးချုပ်

ရန်ကုန် ရွှေလင်ဗန်း

မင်းလှ

ရွှေဝါနဒီ (ညောင်တုန်း)

Shwe Wah Yaung Agriculture Production Company Limited

အမှတ် ၇၃ (ည)၊ ယုဇနလမ်း
ဘုရင့်နောင် ၁ရပ်ကွက်
မရမ်းကုန်းမြို့နယ်
ရန်ကုန်၊ မြန်မာ
SWYGroup©2025 ALL RIGHT RESERVED.
chevron-down linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram