အဖွဲ့အစည်းအကြောင်း

ကျွန်ုပ်တို့ အဖွဲ့အစည်းအကြောင်း

ဆန်စပါးဆိုင်ရာလုပ်ငန်းများနယ်ပယ်တွင် ထိပ်တန်းမှ ဦးဆောင်နေသူဖြစ်သည့်အားလျှော်စွာ Shwe Wah Yaung Agriculture Production Company Limited သည် ကျေးလက်ဒေသများတွင် ဆန်စပါး ကြိတ်ခွဲစက်များ ထူထောင်ခြင်း၊ ပြည်တွင်း မှ အရည်အသွေးကောင်းဆန်စပါးများကို နိုင်ငံတကာသို့ တင်ပို့ခြင်းလုပ်ငန်းများကို အထူးပြုလုပ်ဆောင်လျှက်ရှိပါသည်။

ကျွန်ုပ်တို့၏ အဓိက ရည်ရွယ်ချက်မှာ ကြိတ်ခွဲခြင်းလုပ်ငန်းစဉ်ကို ဂရုတစိုက် လိုက်နာခြင်းဖြင့် နိုင်ငံတကာ အဆင့်မီ ဆန်များရရှိရန် နှင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးမှုအတွက် လိုအပ်သော လယ်ယာထွက်ကုန်များ ဖြန့်ဖြူးရောင်းချနိုင်စေရန် ဖြစ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် နိုင်ငံတကာရှိ ဝယ်ယူသူများ၊ မိတ်ဖက်များအား စိတ်ကျေနပ်မှုမြင့်မားစေရန် ရည်ရွယ်ပါသည်။

ပြည်တွင်းစီးပွားရေးအပေါ် ပိုမိုကောင်းမွန်သော အကျိုးသက်ရောက်မှုရှိစေရန် ကျွန်ုပ်တို့သည် ပြည်ပမြေသြဇာကုမ္ပဏီများနှင့်ပူးပေါင်းလုပ်ဆောင်ခြင်း၊ ပြည်တွင်းရှိ တောင်သူလယ်သမားများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်း၊ ပိုမိုအရည်အသွေးကောင်းမွန်သော ဆန်စပါးများထုတ်လုပ်ရန်အတွက် တောင်သူများအား ကန်ထရိုက်လယ်ယာလုပ်ကိုင်ခြင်းစနစ်ကို တွန်းအားပေးခြင်းများ လုပ်ကိုင်လျှက်ရှိပါသည်။

လုပ်ငန်းတာဝန်

မိတ်ဖက်လုပ်ငန်းစုများနှင့် တောင်သူများ၏ အကျိုစီးပွားကို အဆုံးစွန်ထိ မြှင့်တင်ပေးနိုင်ခြင်းသည် ကျွန်ုပ်တို့၏ ချိုမြိန်သော အောင်မြင်မှုဟု ခံယူထားသည်နှင့်အညီ အောက်ပါ ရည်မှန်းချက်များအတွက် လုပ်ငန်းတာဝန်များကို လုပ်ဆောင်လျှက်ရှိပါသည်။

  • ဆန်စပါး စိုက်ပျိုးထွက်ရှိရာဒေသများတွင် နိုင်ငံတကာ အဆင့်မီ ဆန်စပါး ကြိတ်ခွဲသန့်စင်စက်များ တည်ထောင်၍ နိုင်ငံတကာစျေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်စေရန်
  • စပါးထွက်ရှိရာဒေသတွင် ကုန်ကြမ်းမှ ကုန်ချောသို့ ပြောင်းလဲထုတ်လုပ်နိုင်ခြင်းအားဖြင့် ဆန်စပါးထုတ်လုပ်မှုကုန်ကျစားရိတ်များကို လျော့ချနိုင်ရန်
  • ဒေသခံတောင်သူများအနေဖြင့် သွင်းအားစုများဖြစ်သော ဓါတ်မြေဩဇာများကို နိုင်ငံခြားမှ တိုက်ရိုက်မှာယူတင်သွင်းသော ကုမ္ပဏီမှတဆင့် ရယူခြင်းအားဖြင့် ကြားခံစားရိတ်များ လျော့ချနိုင်သဖြင့် ဝင်ငွေတိုးပွားကာ လူမှုဘဝများတိုးတက်လာနိုင်စေရန်
  • ဒေသခံတောင်သူများ၏ အခြေခံလိုအပ်ချက်များဖြစ်သော မျိုးကောင်းမျိုးသန့်စပါးများနှင့် သွင်းအားစုများကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခြင်းအားဖြင့် စိုက်ပျိုးစားရိတ်များ လျော့ချလာနိုင်စေရန်
  • အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်စေရေးအတွက် ကန်ထရိုက်လယ်ယာစနစ်ဖြင့် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်

ရည်ရွယ်ချက်

ကျွန်ုပ်တို့သည် ရွှေဝါရောင်စိုက်ပျိုးထုတ်လုပ်ရေးကုမ္ပဏီလီမိတက်အနေဖြင့် မြန်မာနိုင်ငံတွင် အရည်အသွေးအကောင်းဆုံးဆန်များထုတ်လုပ်ခြင်း၊ ပြည်တွင်းလယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခြင်း၊ လယ်ယာစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုများနှင့် ကျွန်ုပ်တို့၏ မိတ်ဖက် ပါတနာများအား ၎င်းတို့၏ အိပ်မက်များအောင်မြင်စေရန်အတွက် အကောင်းဆုံးဖြစ်အောင် ရည်မှန်းထားခြင်းဖြင့် တောင်သူလယ်သမားများ၊ မိသားစုများထံသို့ ပျော်ရွှင်မှုဖွယ်ကောင်းသော ဘဝများကို ဖန်တီးပေးရန်ရန်ရွယ်ပါသည်။

ကျွန်ုပ်တို့၏ ခရီးမှတ်တိုင်များ

  • Shwe Wah Yaung Agriculture Production Co., Ltd ကိုစတင်တည်ထောင်ခဲ့သည်။
  • ရန်ကုန်အခြေစိုက် Shwe Wah Yaung General Services Co., Ltd ကိုတည်ထောင်ခဲ့သည်။
  • စင်္ကာပူတွင် SWY Pte Ltd ရုံးအားဖွင့်လှစ်နိုင်ခဲ့သည်
  • SWY Group Trading Co., Ltd ကိုတည်ထောင်ခဲ့သည်
  • Shwe Wah Yaung Agriculture Production Co., Ltd ကိုစတင်တည်ထောင်ခဲ့သည်။
Connecting to​
50+ COUNTRIES

ဩစတေးလျ၊ ဘယ်ဂျီယမ်၊ တရုတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဟန်‌ဂေရီ၊ အီတလီ၊ နယ်သာလန်၊ ပိုလန်၊ ပေါ်တူဂီ၊ ရုရှ၊ စင်္ကာပူ၊ ယူနိုက်တက် ကင်းဒမ်း၊ ဖိလစ်ပိုင် နှင့် အနောက် အာဖရိက နိုင်ငံများအပါအဝင် ကမ္ဘာတလွှားရှိ နိုင်ငံပေါင်း ၅၀ ကျော်သို့ ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများကို ချိတ်ဆက် တင်ပို့လျှက်ရှိနေပါသည်။

Shwe Wah Yaung Agriculture Production Company Limited

အမှတ် ၇၃ (ည)၊ ယုဇနလမ်း
ဘုရင့်နောင် ၁ရပ်ကွက်
မရမ်းကုန်းမြို့နယ်
ရန်ကုန်၊ မြန်မာ
SWYGroup©2025 ALL RIGHT RESERVED.
chevron-down linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram