ဓာတ်မြေဩဇာတင်သွင်းဖြန့်ဝေခြင်းလုပ်ငန်း

နိုင်ငံတကာတွင် အစောဦးပိုင်းနှစ်များနှင့် နှိုင်းယှဉ်လျှင် ၂၀၂၁ခုတွင် ဓာတ်မြေဩဇာစျေးနှုန်းများနှင့် သယ်ယူပို့ဆောင်မှုနှုန်းထားများမှာ အလျှင်အမြန်မြင့်တက်လာလျှက်ရှိသည်။ အဆိုပါအချက်သည် လိုအပ်သော ဓာတ်မြေဩဇာအများအပြားအား ပြည်ပမှ တင်သွင်းနေရသည့် မြန်မာနိုင်ငံအတွက် နယ်စပ်ကုန်သွယ်ရေးစားရိတ်ကြီးမြင့်မှုကို ဖြစ်ပေါ်လာစေနိုင်သည်။ 

မတ်လ ၂၀၂၁တွင်ကောက်ယူသော စစ်တမ်းများအရ ယူရီးယား ဓာတ်မြေဩဇာ၏စျေးနှုန်းမှာ ၂၂ ရာခိုင်နှုန်းမြင့်တက်သွားသကဲ့သို့ ကွန်ပေါင်းဓာတ်မြေဩဇာသည်လည်း ၁၀ရာခိုင်နှုန်းမြင့်တက်သွားခဲ့ပါသည်။

The outlook for Myanmar’s inorganic fertilizer use and 2021 crop harvest, IFPRI

ဓာတ်မြေဩဇာ တင်သွင်းခြင်းနှင့် ပြန်လည်ဖြန့်ဖြူးပေးခြင်း

ထိပ်တန်းအဆင့်ရှိသော ဓာတ်မြေဩဇာ ရရှိရေးသည် ဒေသခံတောင်သူများအတွက် အလွန်ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ထို့အပြင် တောင်သူများ အနေဖြင့် သင့်လျှော်သော သွင်းအားစုများ ထောက်ပံ့သူ ရှာဖွေရန်ခက်ခဲခြင်း၊ သယ်ယူပို့ဆောင်မှု စားရိတ်များ ကြီးမြင့်စွာပေးချေနေရခြင်း၊ နိုင်ငံတကာသို့တင်ပို့သော စီးပွားရေးလုပ်ငန်းများအတွက် လုံလောက်သော သတင်းအချက်အလက်မရရှိခြင်း အစရှိသော စိန်ခေါ်မှုများကိုလည်း ကြုံတွေ့ရလျှက်ရှိသည်။

ထိုကဲ့သို့သော အခက်အခဲများကို ကျော်လွှားနိုင်ရန် ကျွန်ုပ်တို့ ၏ ကုမ္ပဏီအနေဖြင့် သီးနှံထွက်နှုန်းကောင်းသော အရည်အသွေးမြင့် ဓာတ်မြေဩဇာများကို နိုင်ငံတကာမှ တင်သွင်းခြင်းအားဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ အရည်အသွေးကောင်းသော ဓာတ်မြေဩဇာများကို ရယူပြီး ဖြန့်ဝေပေးခြင်းဖြင့်လည်းကောင်း တောင်သူလယ်သမားများအား အကူအညီပေးလျှက်ရှိပါသည်။

ယူရီးယား ဓာတ်မြေဩဇာ
အန်ပီစီကွန်ပေါင်း ဓာတ်မြေဩဇာ

Shwe Wah Yaung Agriculture Production Company Limited

အမှတ် ၇၃ (ည)၊ ယုဇနလမ်း
ဘုရင့်နောင် ၁ရပ်ကွက်
မရမ်းကုန်းမြို့နယ်
ရန်ကုန်၊ မြန်မာ
SWYGroup©2025 ALL RIGHT RESERVED.
chevron-down linkedin facebook pinterest youtube rss twitter instagram facebook-blank rss-blank linkedin-blank pinterest youtube twitter instagram